Donate Log In

Self-Care for Bystanders (Burmese) ဘေးလူများအတွက် မိမိကိုယ်ကိုယ် စောင့်ရှောက်ဂရုစိုက်မှု

အွန်လိုင်း နှောင့်ယှက်စော်ကားမှုနှင့် ထိတွေ့ရခြင်းသည် သင်ကိုယ်တိုင်မှာ ပစ်မှတ်ထားခံရသူ မဟုတ်လျှင်ပင် တစ်ဆင့်ခံ စိတ်ဒဏ်ရာ ဖြစ်စေနိုင်သည်။ အွန်လိုင်းမှ နှောင့်ယှက်စော်ကားမှုနှင့် ထိတွေ့ရခြင်းသည် သင်ကိုယ်တိုင်မှာ ပစ်မှတ်ထားခံရသူ မဟုတ်လျှင်ပင် တစ်ဆင့်ခံ စိတ်ဒဏ်ရာ ဖြစ်စေနိုင်သည်။ လိုအပ်သောအခါတွင် ခေတ္တအနားယူပြီး ကိုယ့်ကိုယ်ကိုယ် ငြင်သာစွာ ဆက်ဆံပါ။ ကျွန်ုပ်တို့လည်း သင့်ကို ကူညီဖေးမနိုင်ပါသည်။

သင်သည် အံ့အားသင့်ဖွယ်ရာ တစ်စုံတစ်ခုတွင် အပိုင်းတစ်ပိုင်းအနေဖြင့် ပါဝင်ပါသည်။

HeartMob တွင် အခြားသူများကို ကူညီအားပေးခြင်းသည် လုပ်ဆောင်ရမည့် အံ့အားသင့်ဖွယ် ကောင်းမွန်သော အရာတစ်ခု ဖြစ်ပါသည်။ အွန်လိုင်းတွင် နှောင့်ယှက်စော်ကားခံရသူများကို သင် ကူညီပေးနေရုံသာမက အင်တာနက်ကို လူတိုင်းအတွက် ပိုမိုဘေးကင်း၊ ကောင်းမွန်ပြီး

ပိုမိုပျော်ရွှင်ဖွယ်ကောင်းသော နေရာတစ်ခု ဖြစ်လာစေရန် အရှိန်မြှင့်လျက်ရှိသော လှုပ်ရှားမှုတစ်ရပ်တွင် ပါဝင်ခြင်းလည်း ဖြစ်နေပါသည်။ နှောင့်ယှက်စော်ကားမှုကို တိုက်ဖျက်ရာတွင် အွန်လိုင်းပေါ်မှ မိတ်ဆွေများသည် အဓိကကျပြီး ဘေးလူများမှ ကြားဝင်ခြင်းသည်လည်း နှောင့်ယှက်စော်ကားမှု ပုံစံအားလုံးကို ကိုင်တွယ်ဖြေရှင်းရာတွင် အကောင်းဆုံး အလေ့အကျင့်ဖြစ်သည်ဟု လေ့လာမှုများတွင် သက်သေပြပါသည်။

သို့သော် ရိုင်းစိုင်းကြမ်းတမ်းပြီး ပြင်းထန်ဆိုးရွားသော အကြောင်းအရာများကို ဖတ်ရှုရခြင်းမှာလည်း ဆိုးကျိုးဖြစ်ပွားစေနိုင်ပါသည်။ သင်ကိုယ်တိုင်၏ ကောင်းကျိုးအတွက် သင်၏စိတ်ကျန်းမာရေးနှင့် ဘက်စုံကျန်းမာပျော်ရွှင်ရေးကို ထိန်းသိမ်းစောင့်ရှောက်ရန် အရေးကြီးပါသည်။ သို့မှသာ အခြားသူများကို သင် ဆက်လက် ကူညီပေးနိုင်ပါမည်။

စိုးရိမ်သောကကို သင် အဘယ်ကြောင့် ခံစားရသနည်း။

အခြားသူများ နှောင့်ယှက်စော်ကားခံရသည့် မှတ်တမ်းများကို ဖတ်ရှုရသည့်အခါ စိတ်မကောင်းဖြစ်ခြင်း သို့မဟုတ် စိုးရိမ်သောကဖြစ်ခြင်းမှာ ထူးဆန်းသည်ဟု ထင်ရနိုင်ပါသည်။ သင်ကိုယ်တိုင် ၎င်းကိုကြုံတွေ့နေရခြင်း မဟုတ်သောကြောင့် အဘယ်ကြောင့် ထိုသို့ခံစားရသနည်း။

အခြားသူများကို ကူညီပေးခြင်းသည် တန်ဖိုးရှိပြီး အကျိုးကျေးဇူးရှိသော အရာတစ်ခု ဖြစ်သော်လည်း စိတ်ဒဏ်ရာ ကြုံတွေ့နေရသူများနှင့် ထိတွေ့ပြောဆိုခြင်းသည် တစ်ခါတစ်ရံ သက်ရောက်မှုကြီးမားပြီး ထိခိုက်နာကျင်မှု ဖြစ်စေနိုင်ပါသည်။ ကံကောင်းသည်မှာ အဆိုပါ အပျက်သဘောဆောင်သော သက်ရောက်မှုများကို ကာကွယ်ဟန့်တားပြီး စီမံရန် နည်းလမ်းများ ရှိနေသောကြောင့် HeartMobber တစ်ဦးအဖြစ် အခြားသူများကို ကူညီပေးနေသည့် အလွန်ကောင်းမွန်သော လုပ်ရပ်ကို သင်က ဆက်လုပ်နိုင်ပါသည်။

ပထမဆုံးအဆင့်မှာ သင်ခံစားနေရသည်ကို အသိအမှတ်ပြုပြီး ဤသည်ကို သင်တစ်ဦးတည်း ရင်ဆိုင်နေရခြင်းမဟုတ်ကြောင်း သိရှိခြင်းဖြစ်သည်။


အားအင်ကုန်ခန်းမှု

မိမိကိုယ်ကိုယ် ဂရုစိုက်ခြင်းမရှိဘဲ အခြားသူများအပေါ် လွန်ကဲစွာ အာရုံစိုက်ခြင်းသည် ခြေကုန်လက်ပန်းကျခြင်း၊ စိတ်သောကဖြစ်ခြင်း၊ စိတ်ဖိစီးခြင်းဆီသို့ ဦးတည်နိုင်သည်။ ဤသည်ကို အားအင်ကုန်ခန်းမှုဟု ခေါ်သည်။ အားအင်ကုန်ခန်းမှုမှာ လူအမျိုးမျိုးတွင် ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပေါ်နိုင်သည်။

တစ်ခါတစ်ရံတွင် သင်လုပ်နေသော အလုပ်သည် လုံလောက်ခြင်းမရှိ၊ အရာရောက်မှုမရှိ မလုပ်နိုင်ဟု သင် ခံစားရနိုင်သည်။ သင် ရင်ဆိုင်နေရသော ပြဿနာများမှာ ခက်ခဲကြီးမားလွန်းပြီး တူညီသောအတိုင်းအတာဖြင့် ဆက်လက်ရင်ဆိုင်ဖြေရှင်းနိုင်ခြင်း မရှိတော့ဟုလည်း တစ်ခါတစ်ရံ ခံစားရနိုင်သည်။ တစ်ခါတစ်ရံတွင် သင်သည် အခြေအနေကို စိတ်ပိုင်းဆိုင်ရာအရ သို့မဟုတ် ကိုယ်ချင်းစာစိတ်ဖြင့် ဆက်လက်ရင်ဆိုင်နိုင်ခြင်းမရှိတော့အောင် “ကရုဏာ စာနာစိတ်ကြောင့် မောပန်းနွမ်းနယ်ခြင်း” အဖြစ် ခံစားချက် ပေါ်ပေါက်ပါသည်။

တစ်ဆင့်ခံ စိတ်ဒဏ်ရာ

“သူတစ်ပါးနေရာ ဝင်ခံစားမှုကြောင့် စိတ်ဒဏ်ရာ” ဟု သိကြသော တစ်ဆင့်ခံ စိတ်ဒဏ်ရာမှာ အခြားသူများ၏ ထိခိုက်ခံစားမှုကို ကျွန်ုပ်တို့ ထိတွေ့ရသောအခါ စိတ်ပိုင်းဆိုင်ရာအရနှင့် ခံစားချက်ပိုင်းအရ ကျွန်ုပ်တို့အပေါ် သက်ရောက်မှုပုံစံ ဖြစ်သည်။ စိတ်ဒဏ်ရာခံစားနေရသော တစ်စုံတစ်ဦးကို ကိုယ်ချင်းစာစိတ်အပြည့်ဖြင့် ဆက်ဆံပြောဆိုသောအခါ စိတ်ပိုင်း၊ ရုပ်ပိုင်းနှင့် ခံစားချက်ပိုင်းအရ ခြေကုန်လက်ပန်းကျသွားခြင်း ခံစားမှုအဖြစ် ပေါ်ပေါက်လာပါသည်။ ဥပမာ HeartMob တွင် တင်ထားသော အွန်လိုင်း နှောင့်ယှက်စော်ကားမှု မှတ်တမ်းတစ်ခုကို သင် ဖတ်ရှုရပြီး ၎င်းကို တိုက်ရိုက်ကြုံတွေ့ရသောသူ ဖြစ်နေသည့်အလား ထိခိုက်နာကျင်မှု ခံစားရပါက ၎င်းမှာ တစ်ဆင့်ခံစိတ်ဒဏ်ရာ ဖြစ်သည်။

တစ်ဆင့်ခံစိတ်ဒဏ်ရာ သို့မဟုတ် အားအင်ကုန်ခန်းမှုကို သင်ခံစားနေရပါက သတိရရန်မှာ-

  1. ဤသည်မှာ ပုဂ္ဂိုလ်ရေးအရ ကျရှုံးမှုတစ်ခု မဟုတ်ပါ။ သင် အမှန်တကယ်ဂရုထားစောင့်ရှောက်သည်ဟူသော အမှတ်လက္ခဏာတစ်ခုသာ ဖြစ်သည်။
  2. သင့်ကိုယ်သင် စောင့်ရှောက်ကြင်နာပါ။ နောက်တစ်လှမ်းဆုတ်ပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်မှုကို ကျင့်သုံးပါ။ မိမိကိုယ်တိုင်၏ အလုံးစုံကျန်းမာပျော်ရွှင်ရေးကို ပထမ ဦးစားပေးခြင်းမှာ ဘယ်သောအခါမှ တစ်ကိုယ်ကောင်းဆန်ရာ မကျပါ။ အမှန်စင်စစ် မိမိကိုယ်ကိုယ် ပြန်လည်ထူထောင်ပြီး အခြားသူများအား ဆက်လက်ကူညီပေးခြင်းကို စိစစ်ဆောင်ရွက်ခြင်းသည် အကောင်းဆုံး နည်းဗျူဟာ ဖြစ်ပါသည်။

ကျွန်ုပ်တို့၏အွန်လိုင်းမှ နှောင့်ယှက်စော်ကားမှု ကြုံတွေ့ရသူများအတွက် လမ်းညွှန်ကို ဖတ်ရှုပါ။

မိမိကိုယ်ကိုယ် ဂရုစိုက်မှု ဆိုသည်မှာ အဘယ်နည်း။

မိမိကိုယ်ကိုယ် ဂရုစိုက်မှု ဆိုသည်မှာ သင်က သင့်ကိုယ်သင် စောင့်ရှောက်ရန် လိုအပ်ကြောင်းကို ကြင်နာမှုနှင့် နာလည်မှုကို ဖော်ပြရန် စေတနာ့ဝန်ထမ်းများနှင့် အခြားသူများကူညီပေးသည့် အသက်မွေးအလုပ်ကို လုပ်ကိုင်သည့် ပုဂ္ဂိုလ်များက အသုံးပြုသည့် ဝေါဟာရတစ်ခု ဖြစ်သည်။ သင့်ကိုယ်သင်အပေါ် ကြင်နာမှုနှင့် နားလည်မှု ရှိခြင်းကြောင့် သင်သည် ရေရှည်တည်တံ့သော နည်းလမ်းတစ်ခုဖြင့် ပါဝင်ဆောင်ရွက်နိုင်ပါမည်။ စိန်ခေါ်မှုများကို ရင်ဆိုင်ရသောအခါ အပြုသဘောဆောင်သော စိတ်နေသဘောထားကို ထိန်းသိမ်းရာတွင် ၎င်းက အထောက်အကူပြုပါသည်။ မိမိကိုယ်ကိုယ် ဂရုစိုက်ခြင်းကို ကျင့်သုံးခြင်းဖြင့် သင်ကိုယ်တိုင်၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ ပျော်ရွှင်ရေးကို စွန့်လွှတ်ရခြင်းမရှိဘဲ အခြားသူများကို ဆက်လက်ကူညီနိုင်ပါမည်။ တွေ့ရများသော မိမိကိုယ်ကိုယ် ဂရုစိုက်ခြင်းဆိုင်ရာ အကြံပြုချက်များမှာ ကျန်းမာရေးနှင့် ညီညွှတ်စွာ စားသောက်ခြင်း၊ ရေချိုးသန့်စင်ခြင်း သို့မဟုတ် တရားထိုင်ခြင်းတို့ဖြစ်ပြီး ၎င်းတို့အားလုံးမှာ အထောက်အကူ ဖြစ်စေသော်လည်း လူတိုင်းနှင့်တော့ မသင့်လျော်ပါ။ လူတိုင်းတွင် ခဏအနားယူရန် ရွေးချယ်ခွင့်မရနိုင်ပါ။ နေ့စဉ်ဘဝ၏ အလုပ်၊ ကလေးပြုစုခြင်းနှင့် အခြား လက်တွေ့အရာများသည် မိမိကိုယ်ကိုယ် ဂရုစိုက်စောင့်ရှောက်ရန်အတွက် အချိန်မပေးနိုင်အောင် သင့်ကို ဟန့်တားနိုင်ပါသည်။

ဤ 5 မိနစ်တာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်မှု လေ့ကျင့်ခန်းများမှာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်မှုကို အလုပ်များနေသော အချိန်ဇယားအတွင်း မည်သို့ ထည့်သွင်းဆောင်ရွက်နိုင်သည့် နမူနာများ ဖြစ်ပါသည်။

တစ်နေ့တာ အဆုံးသတ်တွင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်မှုဆိုသည်မှာ သင့်အတွက် အလုပ်ဖြစ်၊ အသုံးဝင်သည့် မည်သည့်အရာကိုမဆို ခေါ်နိုင်ပါသည်- သင်သည် စိတ်နှင့် ခန္ဓာကိုယ်တွင် ပိုမိုကောင်းမွန်လာ၍ သန်စွမ်းကာ ကျန်းမာလာသည်ဟု ခံစားရစေသည့် အလေ့အကျင့်များ သို့မဟုတ် လှုပ်ရှားမှု မှန်သမျှပင် ဖြစ်ပါသည်။

ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်မှု အကြံပြုချက်များ

မိမိကိုယ်တိုင်သင်၏ တိုက်ရိုက် ဘေးကင်းလုံခြုံရေးကို စိစစ်အကဲဖြတ်ပါ။

ဘေးလူများမှ ကြားဝင်ခြင်းသည် အလွန့်အလွန်အရေးပါသည်။ သို့သော် ၎င်းမှာ ခက်ခဲခြင်းမရှိဟူသည့် သဘော မဟုတ်ပါ။ သင်လုပ်နိုင်သည်ကို လုပ်ပါ - သတင်းပို့တိုင်ကြားခြင်း၊ အားပေးကူညီသော မက်ဆေ့ချ်တစ်စောင် ရေးခြင်း၊ “မင်းအတွက် ငါရှိတယ်” ဟူသည်ကိုသာ ကလစ်နှိပ်ခြင်း ဖြစ်သည်ဖြစ်ပါစေ။ သို့သော် သင် လိုအပ်သောအခါတွင် ငြင်းဆန်ရန် ကိုယ့်ကိုယ်ကိုယ် အခွင့်ပေးထားပါ။ အချို့သောရက်များတွင် ကမ္ဘာကြီးတစ်ခုလုံးကို ရင်ဆိုင်နိုင်သည်ဟု သင် ခံစားရနိုင်သည်။ ထိုရက်များမှာ ခက်ခဲနေသော အခြားသူများကို ဆက်သွယ်ကူညီရန် အကောင်းဆုံးအချိန် ဖြစ်သည်။ သိပ်ပြီး ဖိစီးမှုမခံနိုင်ဟု ခံစားရသောအချိန်များတွင်မူ ကိုယ့်ကိုယ်ကိုယ် ကြင်နာပြီး သင့်ကိုယ်သင် ခဏအနားယူခွင့် ပေးလိုက်ပါ။ သင့်အနေဖြင့် အချိန်ခဏယူ၍

နားရန်လိုအပ်ပါက သင့်အကောင့် ကိုယ်ရေးအကျဉ်းထဲရှိ အီးမေးလ် အသိပေးချက်ဆက်တင်များကို ပြောင်းလဲနိုင်ပါသည်။

သင့်ကို စိတ်ထိခိုက်ဝမ်းနည်းစေသော အချက်များအား သတိထားပါ

အွန်လိုင်းမှ နှောင့်ယှက်စော်ကားခံနေရသူတစ်ဦးအဖို့ အလားတူကြုံတွေ့ခဲ့ဖူးသူထံမှ အကူအညီရခြင်းမှာ အမြဲ အထောက်အကူဖြစ်သော်လည်း သင့်ကို ထိခိုက်ဝမ်းနည်းစေသော အချက်များ – သင့်ကို စိတ်မကောင်းဖြစ်စေနိုင်ပြီး သင်ကြုံခဲ့ရဖူးသည့် မမျှတမှု သို့မဟုတ် စိတ်ဒဏ်ရာကို ပြန်သတိရစေနိုင်သည့် အရာများကို သတိထားရန် ဂရုပြုပါ။ အကူအညီ တောင်းဆိုမှုတိုင်းတွင် နှောင့်ယှက်မှု၏ သဘောသဘာဝကို ပူးတွဲဖော်ပြထားပါသည်။ (ဥပမာ- လူမျိုးရေးခွဲခြားမှု၊ လိင်ပြောင်းထားသူများအား ဆိုးရွားစွာဆက်ဆံမှု၊ မိန်းမများကို မုန်းတီးမှု) ထို့ကြောင့် သင် ရင်ဆိုင်ဖြေရှင်းရန် အကောင်းဆုံး တတ်စွမ်းနိုင်သည့် အကြောင်းအရာကိုသာ အာရုံစိုက် ဖတ်ရှုနိုင်ပါသည်။

✔ သင်၏ ခံစားမှုမျာများကို မျှဝေပေးပါ။

အရာအားလုံးကို သင် တစ်ယောက်တည်း ကိုယ်တိုင်ရင်ဆိုင်ခံစားရန် မလိုပါ မိတ်ဖက်၊ မိတ်ဆွေ၊ မိသားစုဝင်၊ ကုထုံးပညာရှင် သို့မဟုတ် ရှေ့နေတစ်ဦးနှင့် ဆွေးနွေးပြီး သင့်ခံစားချက်များမှာ မည်သို့ပင်ဖြစ်စေ ဆီလျော်ခိုင်လုံသည်ဟု သိထားပါ။ heartmob@righttobe.org မှတစ်ဆင့် ကျွန်ုပ်တို့ထံ အီးမေးလ်ပို့ပါ။ အွန်လိုင်းတွင် နှောင့်ယှက်စော်ကားခံနေရသူများအနေဖြင့် HeartMob လူမှုအသိုင်းအဝိုင်းမှ အကူအညီ တောင်းခံရန် အရေးကြီးကြောင်း သင်သိထားသကဲ့သို့ သင်ကိုယ်တိုင်၏ လူမှုအသိုင်းအဝိုင်းမှ သင်လည်း အကူအညီရရန် အလားတူ ထိုက်တန်ပါသည်။

✔ အားအင်ကုန်ခမ်းခန်းမှုမှ မဖြစ်အောင် ကာကွယ်တားဆီးရန် လုပ်ဆောင်ပါအဆင့်များ ဆောင်ရွက်ပါ။

ကျွန်ုပ်တို့အားလုံး သိကြသည့်အတိုင်း ကြိုတင်ကာကွယ်ခြင်းသည် အကောင်းဆုံးကုသခြင်းဖြစ်သည်။ အားအင်ကုန်ခန်းမှုကို ဖြစ်မလာမီက ရပ်တန့်ရန် လုပ်ဆောင်ပါ။ ၎င်းကို နုနယ်စဉ်အချိန်ကတည်းက ဖယ်ရှားပစ်ပါ။ သင်၏အချိန်ဇယားတွင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်မှုကို ထည့်သွင်းပြီး သူငယ်ချင်းများနှင့် တွေ့ဆုံရန် သို့မဟုတ် အပန်းပြေစေသော တစ်စုံတစ်ခုကို လုပ်ရန် အစီအစဉ်များ ရေးဆွဲပါ။ သင် မြင်တွေ့သမျှ၊ ပြုလုပ်သမျှ သို့မဟုတ် သတိပြုမိသမျှ အပြုသဘောဆောင်သည့်အရာ အားလုံးကို စာရင်းပြုစု၍ သင့်ဖုန်းထဲတွင် နေ့စဉ်မှတ်တမ်း သို့မဟုတ် မှတ်စုတစ်ခု ထားရှိပြီး

အပျက်သဘောဆောင်သည့် အရာများထဲ နစ်မြုပ်နေသည်ဟု ခံစားရလျှင် ၎င်းကို ဖတ်ရှုပါ။ သင် အနာဂတ်တွင် ကိုယ့်ကိုကိုယ်ကျေးဇူးတင်နေရမည့်အရာ တစ်ခုခုကို ယနေ့လုပ်ဆောင်ပါ။

✔ အခြားသူများကို အားပေးပံ့ပိုးကူညီခြင်းသည် မိမိကိုယ်ကိုယ် စောင့်ရှောက်ဂရုစိုက်မှု ပုံစံတစ်မျိုး ဖြစ်နိုင်သည်။

အွန်လိုင်းတွင် နှောင့်ယှက်စော်ကားမှုများ ဖြစ်ပွားနေသည့် ဓလေ့ထုံးစံတစ်ခုနှင့် ၎င်းကို တည်မြဲနေစေသည့် ပိုကြီးသော ဖိနှိပ်မှုစနစ်များကို ရင်ဆိုင်ရခြင်းမှာ ခက်ခဲပြင်းထန်နိုင်သော်လည်း ထိုဓလေ့ကို အပြောင်းအလဲလုပ်ရာတွင် ကိုယ့်အပိုင်းကိုယ် လုပ်ဆောင်ခြင်းသည်ပင်လျှင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်မှု ဖြစ်နိုင်ပါသည်။ အကြမ်းဖက်မှုကို တိုင်ကြားခြင်းနှင့် မှတ်တမ်းပြုစုခြင်းကဲ့သို့ အသေးအဖွဲအလုပ်များ သို့မဟုတ် သူစိမ်းတစ်ဦးကို ကြင်နာသော အားပေးစကားများ ပြောခြင်းတို့မှတစ်ဆင့် ခံစားရသူကို အခြေအနေအား ပြန်လည်ထိန်းချုပ်ခွင့်ရရန် သင် ကူညီနိုင်ပြီး ကောင်းမွန်သော ဓလေ့ထုံးစံပြောင်းလဲမှုကို ဖန်တီးနိုင်ပါသည်။ ထို့ကြောင့် သင် လိုအပ်သောအချိန်တွင် ရပ်တန့်အနားယူရန် အရေးကြီးပါသည်။ သင်လုပ်နေသောအရာက ကြီးမားစွာ အရေးပါကြောင်း စိတ်ထဲမှတ်ထားပြီး တိုက်ဖျက်မှုများ ဆက်လက်ပြုလုပ်နိုင်ရန် ထိုမှနေ၍ ခွန်အားရယူပါ။


ရင်းမြစ်များ

မိမိကိုယ်ကိုယ် ဂရုစိုက်မှုဆိုင်ရာ ရင်းမြစ်များ

နားထောင်ပေးမည့် တစ်စုံတစ်ဦးက အမြဲရှိနေပါသည်။ 

သင့်အတွက် ကျွန်ုပ်တို့ရှိပါသည်။

  • heartmob@righttobe.org မှတစ်ဆင့် ကျွန်ုပ်တို့ထံ အီးမေးလ်ပို့ပါ။